May 2017
MonTueWedThuFriSatSun
1234567
891011121314
15161718192021
22232425262728
293031    

Calendar Calendar

Latest topics
» Vox Populi, Methods Of Manipulation - 2 Hours Documentary -
by yenyneal Fri Oct 09, 2015 2:49 pm

» Jagjit Singh And Chitra Singh-Rog Ban Ke Reh Gaya Mp3
by yenyneal Wed Oct 07, 2015 12:12 pm

» PADRE FABIO DE MELO GUARDIAO
by yenyneal Sat Oct 03, 2015 2:11 am

» Pipe Flow Expert 5.12.1.1
by yenyneal Wed Sep 23, 2015 12:11 pm

» Adralin English 240x400 Game-adds
by yenyneal Tue Sep 15, 2015 1:38 am

» Jai Jai Radha Raman Hari Bol - Krishna Bhajan- Govind Bharga
by yenyneal Sat Aug 22, 2015 5:31 am

» Children Of Bodom-In Your Face Mp3
by yenyneal Sun Aug 09, 2015 6:09 am

» Dragon Ball Z Bid For Power Download Pc Pelo Torrent
by yenyneal Tue Jul 07, 2015 9:07 am

» Japan Extreme Com
by yenyneal Sat May 30, 2015 5:10 pm


ရွေးချယ်စရာ Network Card များ

View previous topic View next topic Go down

ရွေးချယ်စရာ Network Card များ

Post  itcrazy on Sun Apr 17, 2011 3:52 am

Network Card ဆိုတာကတော့ ကျွန်တော်တို့ Computer တစ်လုံးနဲ့ တစ်လုံး Network ချိတ်ဆက်ရာမှာ အသုံးပြုရမယ့်

Device ဖြစ်ပါတယ်။ Network Card ရဲ့လုပ်ဆောင်ချက်က ဘာကို လုပ်ဆောင်တာလဲဆိုရင် Computer တွေ တစ်လုံးနှင့်

တစ်လုံး Data တွေ ပို့ရာမှာ Signal တွေကို Network ပေါ်မှာ ပို့ဆောင်ပေးခြင်း၊ လက်ခံပေးခြင်းတို့ကို ပြုလုပ်ပေးပါတယ်။

Network Card တွေမှာ အမျိုးအစားအများကြီး ရှိပါတယ်။ Network Card တွေမှာ အမျိုးအစားအများကြီးရှိသလို

Computer တွေဟာလဲ တစ်ခုနှင့်တစ်ခု မတူညီကြပါဘူး။ ဥပမာအနေနဲ့ ပြောရမယ်ဆိုရင်-

-RJ-45 Connector

-BNC Connector စတဲ့ Connector တို့ပဲ ဖြစ်ပါတယ်။

Network Card တွေမှာ ရှိတဲ့ Connector တွေဟာ တစ်ခုနှင့်တစ်ခု မတူညီသလို အလုပ်လုပ်တဲ့ပုံစံလဲ မတူညီပါဘူး။

Network Card တွေဟာ တစ်ခုနှင့်တစ်ခု မတူညီတဲ့ အကြောင်းရင်းကတော့-

-Network Topology

-Bandwidth

-Network Card Type စတဲ့ အချက်တွေကြောင့်ပဲ ဖြစ်တယ်။









အခုဆိုရင် ကျွန်တော်တို့ မြန်မာပြည်မှာ ရေပန်းအစားဆုံး အသုံးအများဆုံးကတော့ RJ-45 Connector ပါတဲ့ Network

Card ပဲ ဖြစ်ပါတယ်။

ကျွန်တော် အခုရွေးချယ်စရာ Network Card များ ဆိုတဲ့အတိုင်း မိမိကြိုက်နှစ်သက်တဲ့ Network Card ကို

ရွေးချယ်နိုင်ဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။ ဒါပေမယ့် ကျွန်တော် ဖော်ပြပေးမယ့် Network Card တွေကတော့ RJ-45

Connector ပါတဲ့ Network Card အကြောင်းကိုပဲ ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ Network Card ကို ထုတ်လုပ်တဲ့

ကုမ္ပဏီတွေကတော့ အများကြီးပဲ ရှိတယ်။ အဲ့ဒီထဲကမှ Popular အဖြစ်ဆုံး Network Card တွေကတော့ Prolink နှင့်

D-Link တို့ပဲ ဖြစ်ပါတယ်။





အဲ့ဒီ Network Card တွေက ဈေးနှုန်းလည်း ချိုသာတယ်။ လူကြိုက်လဲများတယ်။ နောက်ပြီး အဲ့ဒီ Network Card တွေကို

အသုံးပြုရတာ အဆင်လည်းပြေတယ်။ ဒါပေမယ့် မိမိက Network Card တစ်ခုကို ၀ယ်တော့မယ်ဆိုရင် Network Card

Speed နှင့် PCI or USB Card စတဲ့ အချက်တွေကို စဉ်းစားဖို့တော့လိုအပ်တယ်။

Network Card Speed ဆိုတာ Network ပေါ်မှာ မိမိရဲ့ Data ကို Transfer လုပ်ပေးနိုင်တဲ့ Speed ကိုပြောတာ

ဖြစ်ပါတယ်။ ဥပမာ အနေနဲ့ပြောရရင် 10 Mbps, 100 Mbps, 1Gbps လား ဆိုတာကို စဉ်းစားရမယ်။ 1Gbps ဆိုရင်တော့

အကောင်းဆုံးပဲပေါ့ဗျာ။

PCI or USB Card ဆိုတာက Network Card မှာ PCI Slot မှာ စိုက်ပြီးအသုံးပြုရတဲ့ Network Card ရှိသလို USB

နှင့်လာတဲ့ Network Card လဲ ရှိပါတယ်။ ဒီနေရာမှာ ကျွန်တော် ပြောချင်တာက USB နှင့်ဆိုရင်တော့ မိမိ Network Card

ရဲ့ Data Transfer Rate က နှေးနေပါလိမ့်မယ်။ PCI ဆိုရင်တော့ မိမိ Network Card ရဲ့ Data Transfer Rate က

မြန်နေပါလိမ့်မယ်။ သို့သော် USB Network Card သည် အလွယ်တကူ Network ချိတ်ဆက် အသုံးပြုနိုင်ပြီး PCI

Network Card ကတော့ ကွန်ပျူတာရဲ့ System Unit ထဲက Motherboard ပေါ်မှာရှိတဲ့ PCI Slot ထဲမှာ

ထိုးစိုက်ထားရတာဖြစ်လို့ အလွယ်တကူ Network ချိတ် အသုံးပြုမယ်ဆိုရင် မလွယ်ကူပါဘူး။ ကောင်းပြီ အဲ့ဒီတော့ မိမိက

Network Card တစ်ခုကို ရွေးချယ် ၀ယ်ယူတော့မယ်ဆိုရင် Network Card, Connector Type နှင့် Network Card

သည် အလွယ်တကူ ဖြုတ်တပ် အသုံးပြုမှာလား စတဲ့ အချက်တွေကို စဉ်းစားပြီး ရွေးချယ်ဝယ်ယူကြပေါ့နော်။ ဒါဆိုရင် မိမိက

ဘယ်လို Network Card မျိုးကို ရွေးချယ်ဝယ်ယူသင့်သလဲဆိုတာကို နားလည်လောက်ပြီလို့ ထင်ပါတယ်။ ကျွန်တော့်ရဲ့

ရွေးချယ်စရာ Network Card များ အကြောင်းကိုလည်း ဒီနားမှာပဲ ရပ်နားလိုက်ပါတော့မယ်။


ref >>>>>http://www.zawlinyouth.net/


.
avatar
itcrazy
mmt technician
mmt technician

ရေးသားချက်များ : 86
မှတ်ပုံတင်သောနေ့  : 2011-02-08
နေထိုင်သောနိုင်ငံ : ထိုင်း

View user profile

Back to top Go down

View previous topic View next topic Back to top

- Similar topics

 
Permissions in this forum:
You cannot reply to topics in this forum