July 2017
MonTueWedThuFriSatSun
     12
3456789
10111213141516
17181920212223
24252627282930
31      

Calendar Calendar

Latest topics
» Vox Populi, Methods Of Manipulation - 2 Hours Documentary -
by yenyneal Fri Oct 09, 2015 2:49 pm

» Jagjit Singh And Chitra Singh-Rog Ban Ke Reh Gaya Mp3
by yenyneal Wed Oct 07, 2015 12:12 pm

» PADRE FABIO DE MELO GUARDIAO
by yenyneal Sat Oct 03, 2015 2:11 am

» Pipe Flow Expert 5.12.1.1
by yenyneal Wed Sep 23, 2015 12:11 pm

» Adralin English 240x400 Game-adds
by yenyneal Tue Sep 15, 2015 1:38 am

» Jai Jai Radha Raman Hari Bol - Krishna Bhajan- Govind Bharga
by yenyneal Sat Aug 22, 2015 5:31 am

» Children Of Bodom-In Your Face Mp3
by yenyneal Sun Aug 09, 2015 6:09 am

» Dragon Ball Z Bid For Power Download Pc Pelo Torrent
by yenyneal Tue Jul 07, 2015 9:07 am

» Japan Extreme Com
by yenyneal Sat May 30, 2015 5:10 pm


တစ်စုံတစ်ရာ

View previous topic View next topic Go down

တစ်စုံတစ်ရာ

Post  itcrazy on Mon May 09, 2011 10:59 am



တစ်စုံတစ်ရာ....ရယ်
ရင်မှာခံစား
နှလုံးသားအပိုင်းအစ
ချေမွပျက်ကြွေ
ဝေဒနာတွေပေး
အလွမ်းလေးတွေထားခဲ့ တယ်...။

တစ်စုံတစ်ရာ....ရယ်
ချိုသာနှုတ်ခွန်း
အချစ်တစ်စွန်းတစ်စ
ကိုယ်...ကြားပြီးမှ
ပျောက်ခြင်းမလှပျောက်ကွယ်
ရောက်တတ်နေရာရှာ
ဖေါ်ကွာသူရဲ့ အပူ
ဘယ်သူကူမလဲ....လေ။

တစ်စုံတစ်ရာ....ရယ်
တမင်တကာဖန်တီး
စိတ်ချင်းနီးခဲ့ 
ပြီးခဲ့ တဲ့ဇာတ်လမ်း
အသဲနွမ်းအနေခက်
ချွေရက်မငဲ့ညှာ
ရင်..မှာဒဏ်ဖြစ်
တနင့်နင့်..ရှိနေတုန်းပါ။

တစ်စုံတစ်ရာ....ရယ်
ဒီကမ္ဘာမှာရှာမတွေ့ 
ထွေးပွေ့ လို့ ထားချင်
သခင်...ကအဝေး
ကြာလေသွေးလို့ စိမ်းကား
သိမ်းသွားတဲ့ ...မင်းအချစ်များ
ဘယ်သူ့ ဆီများရောက်သွားသလဲကွယ်..။

တစ်စုံတစ်ရာ....ရယ်
ဆုံးရှုံးခြင်းကွယ်ရခဲ့ 
အပြစ်မဲ့ တဲ့ ..ကိုယ့် ဘဝ
အိပ်မက်လဲမလှတော့ဘူး
မချစ်ဖူးလို့ ရူးချင်
စွဲငင်တဲ့ ...မင်း
လွမ်းချင်းလက်ဆောင်
လှောင်ပြောင်လို့ ပေးသလား
ဒီအတွက်......
အမုန်းများစွာလဲ...မရှိခဲ့ ပါဘူးလေ..။

တစ်စုံတစ်ရာ....ရယ်
အစွဲအလန်းနယ်ပယ်ကြီးခဲ့ 
ခင်းဖွဲ့ ခဲ့ သံယောဇဉ်
သမုဒယပင်လဲပျိုး
လွှမ်းမိုးခဲ့ တဲ့ စိတ်အစဉ်က
ဘ၀င်ကျကျ..ချစ်သွားခဲ့ တာ
မင်း...တစ်ယောက်တည်းပါနော်..။

တစ်စုံတစ်ရာ....ရယ်
နေ့ ....ရယ်သတိရ
ည....ကွယ်တမ်းတနဲ့ 
ဘ၀ရဲ့ ..အမှောင်ကို
ယောင်လို့ တောင်မတွေးခဲ့မိဘူး
ငြိဘူးခဲ့ တဲ့ နှလုံးသား
လွမ်းဖျားလွမ်းနာကျနေလေရဲ့ ....။

တစ်စုံတစ်ရာ....ရယ်
တဒင်္ဂခနဆုံခဲ့ ရပေမဲ့ 
ကြုံရတဲ့ မေတ္တာက
တစ်သက်စာရှိသွားခဲ့ 
စိတ်ရဲ့ ...အာသိသ
မင်း...ရှိမှနေတတ်သလို
ဘ၀ချိုချိုကိုလဲတွေးခဲ့ မိသူပါနော်...။

တစ်စုံတစ်ရာ....ရယ်
ယစ်မူးခဲ့ ..မင်းအလှ
မျက်ဝန်း...မှမထွက်
အိပ်ပျက်စားမ၀င်
စိတ်အစဉ်.......
ကစင့် ကလျား
နေသားကျအောင်..လဲ
ဘယ်လိုလုပ်ရမလဲလေ...။

တစ်စုံတစ်ရာရယ်
ဒဏ်ခတ်လို့ ပြုစား
ကဝေအပြုံးများနဲ့ 
နိုင်စားသွားရက်
အနေခက်သူရင်ခွင်
ကြာရင်မေ့ မယ်ထင်သလား
ဘ၀များစွာကိုလက်ဖွဲ့ ခဲ့ ပါတယ်..ချစ်သူရယ်..။

တစ်စုံတစ်ရာ....ရယ်
အချစ်သက်သေ
အမျက်ပြေနှလုံးသားနဲ့ 
အပြုံးများစွာဟန်လုပ်
ကိုယ်....ထုတ်ခဲ့ တဲ့ ကဗျာ
အချစ်ဆာနေတဲ့ သွေးနဲ့ 
ရေးစပ်ပေးခဲ့ ပါတယ်...ချစ်သူ
မင်း..သိရင်ကျေနပ်တယ်
ကျေနပ်ရပါတယ်လေ....။ ။

.
avatar
itcrazy
mmt technician
mmt technician

ရေးသားချက်များ : 86
မှတ်ပုံတင်သောနေ့  : 2011-02-08
နေထိုင်သောနိုင်ငံ : ထိုင်း

View user profile

Back to top Go down

View previous topic View next topic Back to top


 
Permissions in this forum:
You cannot reply to topics in this forum