ချစ်သူသိစေ

Go down

ချစ်သူသိစေ

Post  itcrazy on Mon May 09, 2011 10:49 am




မိုးစက်တွေလို
မယိုဘူး
ဒါပေမယ့်
စိမ့်တယ်။
အမှောင်အလင်းတွေကြား
အရောင်အဆင်းတွေလည်းများတယ်။

ဖြတ်သွားဖြတ်လာသင်ရိုးတစ်ချက်ကိုမှ
မကြေညက်ခဲ့တဲ့ကောင်
အနောက်တောင် တရိုးကို
မိုးနဲ့အတူလွင့်ခဲ့ပေါ့။

မျှော်လင့်ချက်တွေ....
ဆုတ်တခါ၊ ဆန်းတလှည့်
ဒါနဲ့ပဲ မိုးလွန်၊
ထွန်ချဖို့မရဲတာလည်း အကြိမ်ကြိမ်ပဲ။
ဒါ့အပြင်
ရွာလွန်ရွက်တိုက်
မိုက်လည်း မိုက်ခဲ့ဖူးရဲ့။

ဒါပေမယ့်......... ချစ်သူ
ငါ ။ အယူမတိမ်းခဲ့ဘူး
မြူခိုးနဲ့ ရိုးမတွေခွဲမရသလိုမျိုး
မင်းကိုငါမြတ်နိုးတယ်။

မိုးအောက်က မြေပြင်ခြင်းတူပေမယ့်
ငါက လူပေ
ဒီမြေတကြောမှာ
လေလွင့်ရင်း မျောနေတဲ့သူ။
ကိုတာရာ ပြောသလိုပဲလေ -
“....မြက်ရိုင်းက မိုးကုတ်စက်ဝိုင်းကို
နမ်းမရသလို ....” မျိုး ပဲပေါ့။

တမေ့တမော မင်းကိုငေးချိန်နဲ့ပဲ
ငါတင်းတိမ်မကွဲ့။
ချစ်သူရေ....
သစ်ခွပန်းလေးတွေပေါ်
နှင်းစက်တွေသွန်ချသလိုမျိုး
အေးချမ်းလှပပါစေကွယ်။


.
avatar
itcrazy
mmt technician
mmt technician

ရေးသားချက်များ : 86
မှတ်ပုံတင်သောနေ့  : 2011-02-08
နေထိုင်သောနိုင်ငံ : ထိုင်း

View user profile

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum