မမုန်းကြေး......မမေ့ ကြေး

Go down

မမုန်းကြေး......မမေ့ ကြေး

Post  itcrazy on Mon May 09, 2011 10:48 am




ချစ်တယ်တဲ့ လား
မင်း..ပြောခဲ့ စကား
ပျားရည်လို..ချို
စိုနေတဲ့ မျက်ဝန်း
လိုနေတဲ့ဆန္ဒ
ကိုယ့်ဘ၀မှာ....
ပြည့် ခဲ့ ပြီ....ချစ်သူ...။

သွားလာစားသောက်
အပျောက်မခံ
ပြည့် လျှံတဲ့ အကြင်နာနဲ့ 
ဒီကမ္ဘာမှာ...ငြိမ်းချမ်း
အလွမ်းတွေမသိ
ထိတွေ
့မိတဲ့ ရင်ခုန်သံ
ဗြောင်းဆန်နေပါရောလား....။

သစ်စိမ်းလည်းမချိုးနဲ

မျက်မုန်းလည်းမကျိုးနဲ့ 

အဆိုးဆုံးဥပေက္ခာ
မင်းနဲ့ ငါကြားမရှိတယ်
ကြည်ဖြူမယ်..တစ်သက်လုံး
အပြုံးတွေနဲ
့အိမ်ဖွဲ့ ကြစို့ နော်...။

စကားလေးတွေလည်းချိုလှ
အသံလေးတွေလည်းကြည်မြ
မင်း..အပြုံးကရေပန်းစား
ကိုယ်
့နှလုံးသားရဲ့ နတ်မိမယ်
ရှက်သွေးလည်းကြွယ်
အတွေးလည်းနယ်ချဲ့ 
အိပ်မက်ရဲ့ သားကောင်တွေပေါ့ ...။

မခွဲတူတူ
အပူတွေဝေမျှ
အပျော်တွေလည်းလှိုင်းထ
ဒီဘ၀ရဲ
့ပါရမီ
ရာသီမရွေးပေးဆပ်
ရင်တလျှပ်လျှပ်ခုန်
ယုံလောက်အောင်လည်း
နေပြချင်သူပါ...။

စိတ်ခြင်းလည်းညှိလို


ရင်ချင်းလည်းထိလို့ 
ကတိတွေပေးချစ်မယ်
မမုန်းကြေး...မမေ့ ကြေးလို့ နော်..။ ။


.
avatar
itcrazy
mmt technician
mmt technician

ရေးသားချက်များ : 86
မှတ်ပုံတင်သောနေ့  : 2011-02-08
နေထိုင်သောနိုင်ငံ : ထိုင်း

View user profile

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum